컨텐츠 바로가기



Editor’s Tutorial

Editor’s Tutorial

상품 게시판 상세
제목 Prettyskin Hand & Foot Mask Review
작성자 박샛별 (ip:49.228.78.133)
  • 작성일 2018-10-04 16:50:13
  • 추천 추천하기
  • 조회수 3
  • 평점 0점




ဒီ​နေ့ Myanmar Editor ကိုယ်​တိုင်​ Prettyskin Hand & Foot Mask ​လေးစမ်းသုံးကြည့်​ပြီး review ​လေး​ရေး​ပေးသွားပါမယ်​ရှင့်​ ♡

အဆင့်​ ၁ အ​နေနဲ့ လက်​နဲ့​ခြေ​ထောက်​ ကို ​ရေ​ဆေးသန့်​စင်​ ​ပေးရပါတယ်​ ~

အဆင့်​ ၂ မှာ​တော့ Hand Mask နဲ့ Foot Mask ​လေးကို ထုတ်​လိုက်​ပါတယ်​ ~ အစုံလိုက်​လာတာ ဖြစ်​တဲ့အတွက်​ လက်​​လေးနဲ့အသာ​လေး ဖြဲပြီး ၁ခု စီ ဖြစ်​သွား​အောင်​လုပ်​လိုက်​ပါတယ်​ ~ ပြီးရင်​​တော့ လက်​အိတ်​ ​ခြေအိတ်​​လေး​တွေလို ဖြစ်​သွားတဲ့ Hand & Foot Mask ​လေး​တွေကို လက်​နဲ့ ​ခြေ​ထောက်​မှာ မိနစ်​ ၃၀ ​လောက်​ထိ စွပ်​ထား​ပေးလိုက်​ပါတယ်​ ~

♡ ​ပေါင်းတင်​​နေတဲ့ အချိန်​အတွင်း Mask ​လေး​တွေကို ကိုယ့်​လက်​နဲ့ကွက်​တိဖြစ်​​အောင်​လို့ သူ့မှာပါတဲ့ တိပ်​​လေးနဲ့ တင်း​နေ​အောင်​ ကပ်​ထား​ပေးရပါတယ်​ရှင့်​ ~ ပါဝင်​တဲ့ essence ​လေး​တွေ အသားထဲစိမ့်​ဝင်​​အောင်​ နဲ့ ​သွေးလည်​ပတ်​မှု ​ကောင်း​အောင်​ လက်​​လေးနဲ့ နှိပ်​​ပေးရင်​လည်း ပို​ကောင်းတဲ့ အကျိုးအာနိသင်​ ရရှိမှာ ဖြစ်​ပါတယ်​ရှင့်​ ♡

အဆင့်​ ၃ အ​နေနဲ့ သက်​မှတ်​ထားတဲ့ အချိန်​ပြည့်​သွားပြီ ဆိုရင်​ Mask ​လေး​တွေကို ချွတ်​ပြီး အသားမှာကျန်​ခဲ့တဲ့ essence ​အရည်​​လေး​တွေကို အသားထဲစိမ့်​ဝင်​​အောင်​ ပုတ်​ပုတ်​ပြီး လိမ်း​ပေးရပါတယ်​~

♡ ဒီအဆင့်​​လေး​တွေအတိုင်း Myanmar Editor Subin သုံးပြီး​နောက်​မှာ​တော့ လက်​​ နဲ့ ​ခြေ​ထောက်​က သိသိသာသာ ဖြူပြီး ကြည်​လာတာ​တွေ့ရပါတယ်​ ~ အသားအရည်​​ခြောက်​​သွေ့ကြမ်းတမ်းပြီး အသားအရည်​ညစ်​​နေတယ်​ခံစား​နေရရင်​ ဒီ mask ​လေး​တွေကိုသုံးကြည့်​ဖို့ တိုက်​တွန်းပါရ​စေ​နော်​ ~ပုံမှန်​ သုံး​ပေးမယ်​ဆိုရင်​ အသားမာဖြစ်​တာ​တွေကအစ ​ပျောက်​ကင်းပြီး နူးညံ့ဖြူ​ဝင်းတဲ့ လက်​လှလှ ​ခြေဖဝါးလှလှ​လေး​တွေ ရရှိနိုင်​မှာ ဖြစ်​ပါတယ်​ ~

♡ Subin ကြိုက်​တဲ့အချက်​​လေး​တွေက​တော့ mask သုံး​နေစဉ်​မှာ ​အေး​အေး​လေးနဲ့ Mask အသားကိုလည်း အထဲမှာ​ နူးညံ့တဲ့ ဂွမ်းသား အပြင်​ဘက်​မှာ ကပ်​​စေး​စေးမဖြစ်​​အောင်​ နူးညံ့တဲ့ ပလက်​စတစ်​သားခံထားတဲ့အချက်​ရယ်​ ​ဈေးကလည်း ၃၅၀၀ ပဲမို့ ​ပေးရတဲ့​ဈေးနဲ့ ရတဲ့ effect က အရမ်းတန်​တဲ့ အချက်​ရယ်​ပါပဲ .. ဒါ့အပြင်​ ၃၅၀၀ တန်​ Foot mask တစ်​ခုပဲ ဖြစ်​ဖြစ်​ Hand mask တစ်​ခုပဲဖြစ်​ဖြစ်​ ဝယ်​ယူရုံနဲ့ ၃၀၀၀ကျပ်​တန်​ Collagen Mask တစ်​ခုလက်​​ဆောင်​ရရှိမယ့်​ အခွင့်​အ​ရေးလည်း ရှိတယ်​ဆိုလို့ Secret Girl ​လေး​တွေကို ဝယ်​သုံးကြည့်​​စေချင်​ပါတယ်​ရှင့်​ ♡ ♡ ♡

첨부파일 11.jpg , 22.jpg , 33.jpg , 444.jpg
비밀번호 * 삭제하려면 비밀번호를 입력하세요.
목록 삭제 수정 답변
댓글 수정

비밀번호

수정 취소

/ byte

댓글 입력

댓글달기이름비밀번호관리자답변보기

확인

/ byte


* 왼쪽의 문자를 공백없이 입력하세요.(대소문자구분)

회원에게만 댓글 작성 권한이 있습니다.